Thantzinphyo’s Weblog

Posted on: August 13, 2008

နေရာ အပြောင်းအရွှေ့ကြောင့် ပို့စ်တင်ခြင်း ခတ္တ ရပ်ဆိုင်းထားမည် ဖြစ်ပါကြောင်း
လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းကို
အထူးကျေးဇူးတင်ရှိပါတယ်

အသုံးဝင် မ၀င်တော့ မသိဘူးဗျ..ဘယ် ရာဟု IP ကိုမဆို ရှာနိုင်တဲ့ နည်းလေးပါ
ရှာလို့ အဆင်မပြေရင် မကျိန်ဆဲကြနဲ့နော် ..ဟီး.

1. Chat with a person on Yahoo Messenger
2. Click on Start->Run
3. Type „cmd” and press Enter or Ok
4. Type „netstat” in Command Prompt
5. Search for ypager.exe and one of the results found is the correct ip.

အဆင်မပြေရင် ဖုန်းဆက်လိုက်ပါ.. Yahoo ကိုပြောတာနော်…….

အားလုံးပဲ မင်္ဂလာပါဗျာ Tune up utilities အသုံးပြုပုံ ပြုနည်း ဆွေးနွေးကြည့်ရအောင်ဗျာ
သိပြီးသား သူငယ်ချင်းမိတ်ဆွေ များကိုတော့ sorry ပါဗျာ မသိရှိသေးသော သူများအတွက်
အလွန်အသုံးဝင်မယ်လို့ ယူဆလို့ တင်ပြလိုက်ပါရစေ
TuneUp Utilities 2008 ကို စံထားပြီး ဆွေးနွေးသွားပါမယ်***
Tuneup ကတော့ မိတ်ဆွေတို့ရဲ့ Window operation system ကို
ပိုမိုမြန်ဆန် ၊ ကောင်းမွန်၊သွက်လက်လာအောင် mouse click လုပ်ပေး
လိုက်ယုံနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ utilities ပါ**** ဒီလိုဆွေးနွေးပြောကြားရာမှာ
ပိုမိုလွယ်ကူသွားအောင် Category (၆) ပိုင်း၊ module လေးတွေ ခွဲပြီး ဆွေနွေးသွားပါမယ်..
Category – increase performance
၁။ Tuneup Drive Defrag
Harddisk မှာ တစ်စစီပြန့် ကျဲနေတဲ့ file တွေ ကို စနစ်တကျ ပြန်လည်
စိရီပေးခြင်း၊ window လုပ်ဆောင်နိုင်မှု့ ပမာဏကို မြင့်တင်ပေးခြင်းတို့
လုပ်ဆောင်ပါတယ်

၂။ TuneUp Styler
ဒီ module လေးကတော့ Boot screen, Logon Screen, Visual Style
Icon size စာတာတွေကို လွယ်ကူစွာပြောင်းလဲ ပေးနိုင်ပါတယ်
Category- Additional tools
၁။TuneUp Processor Manager
လက်ရှိ မိမိစက်မှာ run ထားတဲ့ programs တွေကို manage
ပြုလုပ်နိုင်ပါတယ် Task manager နဲ့ သဘောတရား ခြင်းအတူတူ
ပါပဲ
၂။TuneUp Registry Editor
ဒီ Editor လေးက တော့ registry ကို ပြောင်းလဲ တာတွေ
Enable, disblae လုပ်တာတွေ ကို ကူညီပါလိမ်မယ် Run command
ကနေ regedit လို့ ခေါ်ပြီး သုံးတာနဲ့ အတူတူပါပဲ
၃။Tuneup Shredder
ဒီ tool လေးကလဲ တော်တော်အ သုံးဝင်ပါတယ်
Software တစ်ခုကို uninstall လုပ်လို့မရ
C ထဲမှာ သွားဖျက်လို့လဲ မရ ဖြစ်နေတဲ့ အခါမျိုးတွေ မှာ
အလွယ်တစ်ကူ ဖျက်နိုင် ပါတယ် Kesper တင်ပြီး
ပြန် ဖြုတ်လို့ မရ ၊ ဖျက်လို့မရ ဖြစ်နေတဲ့
မိတ်ဆွေ သူငယ်ချင်းများ . ဒါလေးကိုသာ
အသုံးပြု ကြည့်လိုက်ပါ အိုကေ စိုပြေသွားမှာပါ
သတိပြုစေလိုတာကတော့ ဒါနဲ့ ဖျက်ထားတာကိုတော့
ဘယ်လိုမှ ပြန်ခေါ်လို့ မရပါဘူးဗျာ
၎။ TuneUp System Information
မိမိကွန်ပျူတာ မှာ တပ်ဆင်ထားတဲ့ Drives, Devices,Performance,
Communciation စတဲ့ အကြောင်းအရာတွေကို တွေ့မြင်နိုင်တဲ့ နေရာလေးပါ
၅။TuneUp Uninstall Manager
Add or Remove program ထက် ပိုမိုကောင်းမွန်ပါတယ်
Add or Remove မှာ လို
programs ၂ခု ၃ ခု လောက် uninstall
လုပ်လိုက်ရင် ရွေ့ မရ ပြုမရနဲ့ ကြောင်စီစီ ဖြစ်သွားတာ မျိုးမရှိပါဘူး
Uninstall လုပ်ပြီးပေမဲ့ entry ကျန်ခဲ့တာ မျိုးကို လဲ တစ်ခါထဲ remove
လုပ်နိုင်ပါတယ်……..

ကိုဖြိုးငြိမ်း

ကျွန်တော် ဒီအကြောင်းအရာကို မြန်မာမိသားစု ဖိုရမ်မှာ ဆွေးနွေးခဲ့ ပြီးပါပြီ
အခုတစ်လော g talk မလုံခြုံမှုး သတင်းများကို
ကြားသိနေရပါတယ် ကျွန်တော် ဘလော့ သို့ မျက်စိ လည် လမ်းမှားရောက်
လာကြသူ အပေါင်းကို လုံခြုံမှု့သတိလေး ရသွားစေချင်လို့ပါ
hack ခံရမှ ဖြေရျင်းတာထက် အစကတည်းက
ကြိုတင် ကာကွယ် ထားခြင်းဟာ အကောင်းဆုံး မဟုတ်ပါလားဗျာ

ဒီလို အကောင်းဆုံး စကားဝှက်ပေးထားခြင်းအားဖြင့်
တော် ရုံတန်ရုံ hacker တစ်ယောက် လက်မှိုင် ချသွားအောင်
ကာကွယ် ကြပါစို့လား

1.Dictionary မှာတွေ့နိုင်တဲ့ စကားလုံးမျိုးကိုမရွေးချယ်ပါနဲ့ ( ဥပမာ- fortune hunter)

2.အနည်းဆုံး စကားဝှက်လုံးရေ (၈) လုံးထားရပါမယ်

3.နစ်များစွာကို password တစ်ခုထဲ ပေးထားတာမျိုးကို လုံးဝ ရှောင်ကျဉ်ပါ

4.keyboard pattern တွေဖြစ်တဲ့ asdf,ghjk ၊ sequential numbers တွေဖြစ်တဲ့
(1234,5678) အစရှိသည်များကို လုံးဝ အသုံးမပြုပါနဲ့

5. လူသိများတဲ့ စာလုံးအတိုကောက် များကို အသုံးမပြုပါနဲ့( ဥပမာ- NASA,SCUBA,FBI,CIA)

6.စကားဝှက်တွင် စာလုံးအသေး၊စာလုံးအကြီးများနှင့်ရောထွေး အသုံးပြုပါ(ဥပမာ- sG3eYwJ9nB)

7.ဆင်တူ ယိုးမှား စာလုံးများကို ရောထွေးအသုံးပြုပါ (ဥပမာ- ၀=o, S=$)

8.phonetic replacements တွေကို အသုံးပြုပါ..(eg; “luv 2 laf” – “Love to Laugh”)

9. စကားဝှက် အကုန်လုံးကို uppercase,lowercase ပုံစံ အသုံးပြုခြင်းမှ လုံးဝရှောင်ရှားပါ
(ဥပမာ- AUNGKOSITTHU,aungkositthu)

10.random letters,numbers များကို အသုံးပြုပါ ပတ်စ်ပို့နံပါတ် စတဲ့ အလွယ်တစ်ကူ မှတ်မိနိုင်တဲ့
အကောင်းဆုံး ဥပမာပါ

11.စာလုံးများကို ထပ်ခါ ထပ်ခါ အသုံးမပြုပါနဲ့ (ဥပမာ- aaa,111)

12.အခု ကျွန်တော် ဆွေးနွေးသွားတဲ့ အကောင်းဆုံး ဥပမာများကို
တိုက်ရိုက် ယူငင် မသုံးစွဲပါနဲ့ 😛

Device Manager ဆိုတဲ့ အတိုင်း Device များကို ထိန်းသိမ်း ပြုပြင်ရာမှာ
အကောင်းဆုံး Tool ပါ ဒါပေမဲ့ ကောင်းကောင်း အသုံးချ တက်ဖို့တော့
လိုအပ်ပါလိမ့်မယ် ကွန်ပျူတာ အသုံးပြုနေကြသူတိုင်း Device error messages
များကို တစ်နည်းမဟုတ် တစ်နည်းတော့ တွေ့မြင်ဘူးကြမှာပါ
အဲဒါ Error Message လေးတွေပေါ်မှာ အခြေခံပြီးတော့
ပြဿနာလေးတွေကို ဖြေရှင်း ထိန်းသိမ်းကြည့် ကြရအောင်
ပထမဆုံး အဆင့်ကတော့ hardware တွေကို ထိန်းသိမ်းပြုပြင် ပေးမဲ့
နေရာလေးကို သွားကြရအောင် window logo key နဲ့ F1 ကို
တွဲနှိပ်လိုက်ပါ Help and Support Center ကျလာပါမယ်
Fixing a problem/Hardware and system device problems ကို
သွားရောက် ပြီတော့ မိမိဖြစ်နေတဲ့ ပြဿနာ နဲ့ ကိုက်ညီမဲ့ ဟာကို ရွေးချယ်ပြီး
သူရဲ့ အစီအစဉ် လမ်းညွန်လေးတွေ အတိုင်း လုပ်ဆောင် သွားယုံပါပဲ
ဒီနေရာမှာ တစ်ခုလောက် အကြံပေးချင်ပါတယ်

Help and Support Center
ကို ထိရောက်အောင် အသုံးချစေချင်ပါတယ်ဗျာ သူရဲ့ အားသာချက်က
E book များလို ရှင်းပြ
ရုံသာမက လိုအပ်တဲ့ tools တွေဆီကို တိုက်ရိုက် လင့်ခ် လုပ်ပေးထားလို့
အတော် လေးကို လွယ်ကူ အဆင်ပြေ ပါတယ်
Help ဆိုပြီး အထင်တော့ မသေးလိုက်ပါ နဲ့ ဗျာ
တစ်ခါလောက် မွှေနှောက်ကြည့်လိုက်ပါ တကယ်အသုံးဝင်လား
မ၀င်ဘူးလားဆိုတာ လက်တွေ့ကျကျ သိလာမှာပါ
Device တွေရဲ့ ပင်မထိန်းချုပ်တဲ့ နေရာဖြစ်တဲ့ Device Manager ကို
Run မှာ devmgmt.msc လို့ရိုက်ထည့်ပြီး ခေါ်ယူလိုက်ပါ

အ၀ါရောင် Exclamation point လေးနဲ့ ပြသနေတာကတော့
Device မှာ ပြဿနာတစ်ခု ခု ရှိနေတယ် အငြင်းပွားစရာလေးတွေ ရှိနေတယ်
ဆိုတဲ့ သဘောပါ.. အနီရောင် “X” နဲ့ပြသနေရင်တော့ အဲဒီ
Device ကို Disable လုပ်ထားလို့ပါ
အပြာရောင် “ i “ လေးနဲ့ ပြနေတာကတော့ Device ရဲ့ အစိတ်အပိုင်း
ဖွဲ့စည်းပုံများကို Change (or) Modify လုပ်ထားတဲ့ Information ပါ
ဒီအပြာရောင် “i” လေးကတော့
တစ်ခုကို နှစ်ခုရွေးကြည့်နေ တဲ့ အခြေအနေမျိုးမှာ ပဲပေါ်ပါတယ်
ရှုပ် သွားလား မသိဘူးနော်
တစ်ခုကို နှစ်ခုကို ကြည်တယ်ဆိုတာက View Menu လေးကို အသုံးပြုပြီးတော့
“Resource by type” or” Resoure by connection” ဆိုပြီး ကြည့်ရှုခြင်းမျိုးကို
ဆိုလိုတာပါ
အ၀ါရောင် လေးနဲ့ Problem ပြနေရင်တော့ Device ကို double-click လိုက်ပါ
Error mesaage နဲ့ ပြဿနာဖြစ်နေတဲ့ အခြေအနေကို ပြောပြနေပါလိမ့်မယ်
General tab\Troubleshoot ကို click လိုက်ပါ
ကူညီပါရစေ( Help and support center)
ကိုရောက်လာပါမယ် I’m having a problem with my …. ….
ဆိုတဲ့ စာကြောင်လေးကို
Check ပေး ပြီး ရှာဖွေပါတော့ဗျာ အလွယ်တစ်ကူနားလည် နိုင်တဲ့ Instructions
လေးတွေ ပေးပါလိမ့်မယ် အဲဒီအတိုင်းသာ လုပ်ဆောင်လိုက်ပါ
Ok မှ စိုပြေသွားပါမယ်
သာမန်ပြဿနာ လေးတွေကတော့ ဒီနေရာလေးမှာပဲ
အဆင်ပြေ သွားတက်ပါတယ် ကျွန်တော် အခုဆွေးနွေးလိုတာကတော့
Error Message လေးတွေရဲ့ Information ကိုလိုက်ပြီး ဘယ်လို
ပြုပြင်ထိန်းသိမ်း မှု့တွေ ပြုလုပ်မလဲဆိုတာ ပါ
ဖြစ်ပေါ်တက်တဲ့ error codes,messages တွေနဲ့ ဖြေရှင်းနည်းတွေကို လိုက်ပြီး
အမှတ်စဉ် (၄၅) ခုရှိပါတယ်
1. “ This device is not configured correctly “
ဒီ မက်ဆေ့ကို တွေ့ရပြီး ဆိုရင်တော့ Drivers ကို Hard Update wizard ကို
အသုံးပြုပြီး Update သာ လုပ်လိုက်ပါ(properties\drive\Update driver)
ဒါကနည်းလမ်း (၁) ပါ နည်းလမ်း(၂)ကတော့
Device ကို Remove လုပ်ပြီး ပြန် run ကြည့်ပါ

2. “The dvice loader(s) for this device could not load the device driver “
ပထမ မက်ဆေ့အတိုင် ပါပဲ remove လုပ် ပြီးရင် install ပြန်လုပ် ဒါမှအဆင်မပြေရင် Update လုပ်
3.”Thae driver for this device might be corrupt or your system may be running low on memory or other resources”
My computer ကို right click လုပ် properties\General tab\advanced\performance အောက် က setting ကို click ပြီး ဘာပြဿနာလဲဆိုတာ မြင်ရပါပြီ RAM နည်းနေလို့ပါ RAM ပိုမို စိုက်လိုက်ခြင်းဖြင့်
ဖြေရှင်းနိုင်ပါပြီ RAM မစိုက်ချင်သေးဘူးဆိုရင်တော့ အပေါ်က အချက်တွေလိုပဲ Update\Remove\Add
ဒါမှမဟုတ် Troubleshotting wizard နဲ့ကြိုးစားကြည့် နိုင်ပါသေးတယ်

4.”This device is not working properly because one of its drivers may be bad ,or your Registry may be bad”
Update (or) Remove\Add နဲ့ဖြေရှင်းနိုင်ပါတယ်

5.”the driver for this device requested a resource that windows does not know how to handle”
ထုံးစံအတိုင်း Update\Remove\Add နဲ့ဖြေရှင်းလိုက်ပါ

6.”Another device is using the resources this device needs”
Properties\General tab မှ Troubleshoot button ကို click ပြီး
HardwareTroubleshooter ကိုသာ Run လိုက်ပါ

7.”The drivers for this device need to be reinstalled”
ဒါကတော့ ရှင်းပါတယ် Reinstall လုပ်လိုက်ပါ

8.”Code 8 has many error messages associated with it”
Update \ Remove\Add

9.”Code 9 has several error messages associated with it”
Remove\Add လုပ်ဖို့ ကြိုးစားကြည့်ပါ အဲဒါတွေ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်
Registry setting မှာသွားပြင်ရပါမယ် သင့်ရဲ့ BIOS ကိုလဲ Update လုပ်ဖို့လိုအပ်နေပါပြီ

10.”The device either is not persent ,is not working properly,or does not
have allthe drivers installed.This code may also have a manufacturer-specific
error message associated with it,depending on the device.”
ကွန်ပျုတာကို သေချာ ချိတ်ဆက်ထားခြင်းမရှိုလို့ပါ physically ပိုင်းကို သေချာ
ချိတ်ဆက်ပြီးတာတောင် အဆင်မပြေသေးဘူးဆိုရင် Update သာ လုပ်လိုက်ပါတော့ဗျာ

11.”This device cannot find enough free resources that it can use .”
ဒီနေရာမှာ type ဆိုတာက resourse type ကိုပြောတာပါ (ဥပမာ- IRQ,DMA,Memory,or I/O)
ဒီပြဿနာကိုတော့ Troubleshoot ကို click ပြီး troubleshooting wizard ကို Run

12.”This device either ie not present,is not working properly,or
does not have all the drivers installed.”
Detect hardware ကို click ပါ ၊ အဆင်မပြေသေးဘးဆိုရင်တော့
Remove\Add နဲ့ကြိုးစားနိုင်ပါသေးတယ်

13.”This device cannot work properly until you restart your computer”
ကွန်ပျူတာကို Restart လုပ်လိုက်ပါ

14.” This device is causing a resource conflict.”
Troubleshoot ကို click ပြီး troubleshooting wizard ကို Run

15.” Windows cannot identify all the resources this device uses.”
Resourse tab ကို click ပါ Settings အောက် က detailed လေးတွေကို ကြည့်ပြီး
ဖြေရှင်းပါ

16. “The driver information file is telling this child device
to use a resource that the parent device does not have or recognize.”
ဒီနေရာမှာ name ဆိုတာကတော့ device ရဲ့ .inf file ကိုဆိုလိုတာဖြစ်ပါတယ်
Update drivers\Remove\Add တို့နဲ့ ဖြေရှင်းနိုင်ပါတယ်

17.” Reinstall the drivers for this device.”
Click reinstall driver.

18.”Your Registry may be bad”
Click check Registry

19.”windows could not load one of the drivers for this device”
Click update drivers

20.”Windows is removing this device”
အချိန်တော်တော်ကြာအောင် စောင့်လိုက်ပါဦး
ပြီးရင် Device manager ကို refresh လုပ်လိုက်ပါ
Device လေးပေါ်လာပြီဆိုရင်တော့ ကွန်ပျုတာကို Restart လုပ်လိုက်ပါ

21.”The device is disabled”
Click Enable Device

22.”The device is disabled”
Click Start Device

23.”Several error messages may appear with Code 23.”
Properties\update driver လုပ်လိုက်ပါ ပေါ်လာတဲ့ button
အပေါ်မှာမူတည်ပြီး လုပ်ဆောင်မှု့အဆင့် ကွဲပြားနိုင်ပါတယ်

24.” This device is not present, is not working properly, or does not have all its drivers installed.”
Detect hardware ကို click ပါ ပေါ်လာတဲ့ button အခြေအနေပေါ်မှာ မူတည်
ပြီး လုပ်ဆောင်သွားရမှာပါ

25.” Windows is in the process of setting up this device.”
ကွန်ပျူတာကို Restart ပေးလိုက်ပါ

26.” Windows can’t specify the resources for this device.”
Device Manager ကို အသုံးပြုပြီး Remove လုပ်လိုက်ပါ
ပြီးရင် control panel မှ Add new Hard wizard နဲ့ ပြန် run လိုက်ပါ
အဲဒါမှ ကောင်းကောင်း အလုပ်မလုပ်သေးဘူးဆိုရင် Update လုပ်လိုက်ပါ

27.” The drivers for this device are not installed.”
Reinstall drivers ကို click ပါ

28.” This device is disabled because the firmware for the device did not give it the required resources.”
BIOS မှာ စစ်ဆေးကြည့်လိုက်ပါ၊နောက်တစ်နည်းကတော့ CMOS seetings မှာ သွားပြီး
Device ကို Enable ပေးလိုက်ပါ

29.” This device is using an Interrupt Request (IRQ) resource that is in use by another device and cannot be shared. You must change the conflicting setting or remove the real-mode driver causing the conflict.”
Device Manager ကို ဖွင့်လိုက်ပါ IRQ တစ်ခုထဲမှာ ပဲနောက်ထပ် device တစ်ခုသုံးထားသလားဆိုတာကို စစ်ဆေးကြည့်ပါ ဟုတ်တယ်ဆိုရင်တော့
Device ကို Disable ပေးလိုက်ပါ တကယ်လို့များ IRQ မှာ နောက်ထပ် device တစ်ခုသုံးထားတာကို
မတွေ့ဘူးဆိုရင် Config.sys (or) Autoexex.bat မှာ drivers ကိုရှာပြီးတော့ disable ပေးလိုက်ပါ

30.” This device is not working properly because Windows cannot load the drivers required for this device.”
Properties ကို click ပါ ဒါကိုတောင် click လို့မရဘူးဆိုရင်တော့ Remove\Add လုပ်ပါ
ပြန်စမ်းကြည့်လိုက်ပါဦး ဒါမှ အဆင်မပြေသေးဘူး ဆိုရင်တော့ Update သာလုပ်တော့ဗျို့

31.” Windows cannot install the drivers for this device because it cannot access the drive or network location that has the setup files on it.”
Restart လုပ်လိုက်ပါ..

32.” Windows cannot determine which resources are required for this device.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေသေးဘူးဆိုရင်တော့
Device change ရတော့မှာပါ

33.” Windows cannot determine the settings for this device. Consult the documentation that came with this device and use the Resource tab to set the configuration.”
Hard ware settings ကို change လိုက်ပါ ပြီးရင် Resources tab ကိုသွားပြီး
Configure လုပ်လိုက်ပါ

34.” Your computer’s system firmware does not include enough information to configure and use this device properly. To use this device, contact your computer manufacturer to obtain a firmware or BIOS update.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေဘးဆိုရင်တော့
BIOS ကို update ဒါမှမဟုတ် BIOS အသစ်လဲရပါတော့မယ်

35.” This device is requesting a PCI interrupt but is configured for an ISA interrupt (or vice versa). Please use the computer’s system setup program to reconfigure the interrupt for this device.”
သင့်ရဲ့ BIOS မှာ IRQ settings ကိုဘယ်လိုပြန်လည်စီစဉ် ထားသလဲဆိုတာ
စစ်ဆေးကြည့်ပါ ပြီရင် Troubleshoot !!!

36.” Windows cannot initialize the device driver for this hardware.”
ကွန်ပျူတာကို restart အရင်ပေးလိုက်ပါ …ပြီးရင်တော့ Troubleshoot!!

37.” Windows cannot load the device driver for this hardware because a previous instance of the device driver is still in memory.”
Driver ကို Uninstall လုပ်.. ပြီးရင် Reinstall ,Trobleshooting!!!!!!!!

38.” Windows cannot access this hardware because its service key information in the registry is missing or recorded incorrectly.”
အမှတ်စဉ် 37 အတိုင်းလုပ်ဆောင်ရပါမယ်

39.” Windows successfully loaded the device driver for this hardware but cannot find the hardware device.”
Driver ကို Uninstall, Reinstall လုပ်လိုက်ပါ ပြီးရင် Troubleshoot!!!
တကယ်လို့ device က non-plug-and-play ဖြစ်နေမယ်ဆိုရင်
အောက်ပါအတိုင်းလုပ်ဆောင် ပေးရပါဦးမယ်
Control Panel\Performance and Maintenance\System\Hardware\Add Hardware Wizard

40.” Windows cannot load the device driver for this hardware because there is a duplicate device already running in the system.”
Restart ပေးလိုက်ပါ ,window ပြန်တက်လာတာနဲ့ Device Manager\General tab\Troubleshoot!!!!!!

41.” Windows has stopped this device because it has reported problems.”
Hardware documentation ကို စစ်ဆေးကြည့်ပါ….ပြီးရင် Troubleshoot!!!!

42.” An application or service has shut down this hardware device.”
Restart လုပ်ပါ ..ပြီးရင် Troubleshoot!!!!!!!!

43.” Windows cannot gain access to this hardware device because the operating system is in the process of shutting down.”
ဘာမှ ပြုပြင်ပြောင်းလဲ စရာမလိုအပ်ပါဘူး….computer ကို ဖွင့်လိုက်တာနဲ့ ပုံမှန်အလုပ် လုပ်သွားမှာပါ

44.” Windows cannot use this hardware device because it has been prepared for “safe removal” but it has not been removed from the computer.”
Device ကို ဖြုတ်ပြီး ပြန်တပ်လိုက်ပါ..

45.” The software for this device has been blocked from starting because it is known to have problems with Windows. Contact the hardware vendor for a new driver.”
Driver update (or) New လိုအပ်နေပါတယ်

(မူရင်း O’Reilly: Window XP hacks မှ Troubleshoot Hardware by Decoding Device Manager Error Messages ဆိုတဲ့ အခန်းလေးကို သင့်တော် သလို ပြန်ဆိုရေးသားခြင်း
ဖြစ်ပါတယ် ..တစ်စုံ တစ်ရာ မှားယွင်း ချွတ်ချော် မှု့များရှိခဲ့လျှင် ကျွန်တော်ရဲ့ ညံဖျင်း
မှု့သာ ဖြစ်ပါကြောင်း )

အားလုံးပဲ မင်္ဂလာပါဗျာ..
Folder Optinos ပျောက်နေတာ မျိုးကို ကြုံဘူးကြမှာပါ နည်းလမ်းသိရင် ဘာမှ မခက်ပေမဲ့

ဒီ လိုပြဿနာ မျိုးကြူံတွေ့ လာခဲ့ရင် အလွယ်တစ်ကူ ဖြေရှင်း နိုင်အောင် ရေးသားလိုက်ပါတယ်

1. Start – Run – gpedit.msc ဟု ရိုက်ပြီး Group Policy ကို ခေါ်ယူလိုက်ပါ

2. Local Computer Policy \ User Configuration \ Administrative Templates \
Windows Components \ Windows Explorer သို့ရောက်အောင် သွားလိုက်ပါ



3. ညာဘက်ရှိ Box ထဲတွင် “Removes the Folder Options menu item from the Tools menu “
ကို Double Click လုပ်ပါ။

Not Configured ကို Check ပေးပြီး Apply ၊ OK ပေးပါ။

My Computer \ Local Disk(C:) \ Menu Bar \ Tools မှာ သွားရောက် ကြည့်လိုက်ပါ

Folder Optinos ပြန်ပေါ်နေတာကို တွေ့ရပါလိမ့်မယ် ..

အဆင်ပြေချောမွေ့ပါစေဗျာ….

Dear All,

Please note this and be careful when you access sensitive data using public PC.

Thanks and Best regards,

FRAUD strategies – Keyboard

Attention Please

PLEASE BE CAREFUL WHENEVER YOU’RE USING A PC AT A PUBLIC PLACE (Like INTERNET CAFES..ETC).
CHECK THE BACK OF THE PC AND SEE IF THE BELOW DEVICE IS THERE..IF SO..DO NOT USE IT!!!!



New storing device fits at the end of the keyboard cable connecting to the PC specialized to save all typed keys in it…
Mostly could be used in net cafes, exhibitions, hotels and airports therefore be careful especially the people who use the internet in these places to enter their bank accounts online or any other important sites.
After you enter the bank account and leave the PC it will be easy to open your account again as all what you have typed has been saved in the Black device.
Therefore, you should check the PC for any suspicious piece behind it before using the net in public places for important sites.

G talk မှာ show current music track ပြထားပါရက်နဲ့ အဆင်မပြေတဲ့သူများ
ဒီနည်းလေးနဲ့ ဖြေရှင်းနိုင်ပါတယ်
1.Window Media Player ကိုဖွင့်လိုက်ပါ
2.View Menu\Plug-in\Options ကို သွားလိုက်ပါ
3.Plug-ins tab, Category မှ background ကိုရွေးပါ
4.ညာဘက်မှ box ထဲမှာ Google Talk Music Plugin ဆိုတဲ့စာကြောင်းလေးကို
Check ပေးပြီး Ok… Restart..
XP သမားများ အတွက်တော့ ဒီမှာပဲ အဆင်ပြေသွားပါပြီ
Vista သမားများက တော့
Window Media Plyer မှ Google Talk Plug-in ကိုရှာမတွေ့ခဲ့ဘူးဆိုရင်
အောက်ပါအတိုင်း လုပ်ဆောင်ရပါဦးမယ်

1.Uninstall Google Talk
2.http://www.google.com/talk/ ကိုသွားလိုက်ပါ
3.page ရဲ့အောက်နားမှ Google Talk Client ကို download ချပြီး
desktop ပေါ်မှာ save ထားလိုက်ပါ
ပြီးရင်တော့ G talk.exe ကို run ပြီး အသုံးပြုနိုင်ပါပြီ..

ကွန်ပျုတာကို ရုံးလုပ်ငန်း အဖြစ်အသုံးပြုနေသူများနဲ့

ပိုပြီး အကျုံးဝင်မယ် ထင်တယ်

ကျွန်တော် ပြောပြမှာက ဒီလိုပါ word pad နဲ့

ရေးထားတဲ့ data တစ်ခုခုကို တစ်ခြားလူက

ကြည့်ပဲ ကြည့်ရှုနိုင်ပြီး Edit မလုပ်နိုင်စေဖို့

word pad ကို save as လုပ်တဲ့အခါမှာ ညာဘက်ထိပ်

Menu bar က tools\security options\password to modify မှာ
password ထည့်

Read – only recommeneded ဆိုတဲ့ စာကြောင်းလေးကို

Tick လုပ်ပြီး save ထားသူများ အတွက်ပါ

မိမိ word pad မှ password ကို အခြားသူက အလွယ်တစ်ကူပဲ ရယူသွားနိုင်ပါတယ်

ဘယ်လိုယူသွားနိုင်သလဲဆိုတော့ အခုဏ က save ထားတဲ့

word pad ကို note pad နဲ့ ဖွင့်ကြည့်လိုက်ပါ

အောက်နားလေးမှာ password ကို ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား

မြင်တွေ့ ရပါပြီ ကဲ လုံခြုံမှု့ သတိရှိကြပါစေဗျာ

Desktop Shortcut Name တွင် Shadow များသည် တစ်ခါတစ်ရံမှသာ ဖြစ်ပေါ်တက်ပါသည်။ တစ်ခါတစ်ရံမှသာ ဖြစ်ပေါ်တက်သော အရာများအတွက် ဖြေရှင်းရန်သည် ဖြစ်လေ့ဖြစ်ထရှိသော အရာများအတွက် ဖြေရှင်းရန်ထက် ခက်ခဲလှပါသည်။
၁။ Start – Run – sysdm.cpl ဟု ရိုက်ပါ။

၂။ System Properties Box အောက်ရှိ Advanced ကို Click လုပ်ပါ။ Perfomance အောက်ရှိ Settings ကို Click လုပ်ပါ။

၃။ Perfomance Option Box အောက်ရှိ Custom: ကို Check လုပ်ပါ။ Custom: အောက်ရှိ Use drop shadow for icon labels on the desktop ကို Check မပေးထားလျှင် Check ပေးပြီး Apply – OK ပေးပါ။

Categories